top of page
  • Mark Livingston

ကုန်ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ် အသုံးပြုခြင်း လမ်းညွှန်များ

ကုန်အမှတ်တံဆိပ်ကိုမှတ်ပုံတင်ထားခြင်းဖြင့် သင့်ကုန်အမှတ်တံဆိပ်(Brand)အတွက် သိသာထင်ရှား သောတန်ဖိုးကို ထပ်တိုးရရှိနိုင်ခြင်း၊ သင့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ အသိအမှတ်ပြုမှုကို မြှင့်တင်ပေးပြီး သင့်လုပ်ငန်း၏ အရည်အသွေးနှင့်ဂုဏ်သတင်းကို သင်္ကေတတစ်ခု အဖြစ်တိုးမြှင့်ပေးနိုင်ပါသည်။ ထို့ကြောင့် သင့်စီးပွားရေး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေခြင်းနှင့် သင့်ကုန်အမှတ်တံဆိပ်၏ တန်ဖိုးလျော့ကျစေ သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အားနည်းစေခြင်း (သို့) ဆုံးရှုံးမှုဖြစ်စေခြင်းကို ရှောင်ရှားနိုင်ရန် အတွက် သင့်ကုန်အမှတ်တံဆိပ်ကို မှန်ကန်စွာအသုံးပြုခြင်းနှင့် အမြဲစီမံခန့်ခွဲနေရန် အရေးကြီးသည်။

မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၂၀၁၉  အကောင်အထည်ဖော်ရန်မှာ ဆိုင်းငံ့ထားဆဲ ဖြစ်ပြီး အဆိုပါဥပဒေအတွက်စည်းမျဉ်းများအား ထုတ်ပြန်ခြင်းမရှိသေးပေ။ ထို့ကြောင့်မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း၏ကုန်အမှတ်တံဆိပ်အသုံးပြုမှု အပိုင်းကဏ္ဍအချို့မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အတွက် ဥပဒေမူဘောင်အပေါ် မှီခိုနိုင်မှုသည် ခုချိန်တွင် အနည်းငယ် မရှင်းမလင်းဖြစ်နေပေသည်။  သို့သော်လည်း ယခင်က ဖြစ်စဥ်များနှင့်နိုင်ငံတကာကျင့်ထုံးများအား အခြေခံ၍ မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း၏ကုန်အမှတ်တံဆိပ် အသုံးပြုမှုအတွက် အခြေခံမူများစွာကို ဖော်ထုတ်သတ်မှတ်နိုင်သေးသည်။


ကုန်အမှတ်တံဆိပ်အသုံးပြုခြင်း

သင်၏ကုန်အမှတ်တံဆိပ်ကိုအသုံးပြုခြင်းသည် သင့်အမှတ်တံဆိပ်၏တရားဝင်မှုအတွက် အမြဲတမ်း လိုအပ်ချက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအတွက် သုံးနှစ်ဆက်တိုက် အမှတ်တံဆိပ်ကိုအသုံးမပြုပါက ပြိုင်ဖက်(competitor)သည် မှတ်ပုံတင်ခြင်းကို ဖယ်ရှားနိုင်သည်။ အသုံးမပြုခြင်းအတွက်ဖယ်ရှားသည့် လျှောက်လွှာကိုကုန်အမှတ်တံဆိပ်ကို စတင်မှတ်ပုံတင် သည့်နေ့မှ ငါးနှစ်ထက်နောက်မကျစေဘဲ တင်နိုင်ပါသည်။


မှတ်ပုံတင်ထားသည့်ပုံစံအတိုင်း ကုန်အမှတ်တံဆိပ်ကို အသုံးပြုခြင်း

ကုန်အမှတ်တံဆိပ်ကို ၎င်း၏လက်ရှိပုံစံမှ မပြောင်းပါနှင့်။ သင်မှတ်ပုံတင်ထားသော အမှတ်အသားနှင့် အနည်းငယ်ကွာခြားသည့် အမှတ်အသားကို အသုံးပြုပါက၊ ပြောင်းလဲထားသော အမှတ်အသားကို အသုံးပြုခြင်းသည် သင့်မှတ်ပုံတင်ထားသော အမှတ်အသား၏ တရားဝင်မှုကို ထိန်းသိမ်းနိုင်ရန် အသုံးပြုမှုအဖြစ် ထည့်သွင်းစဉ်းစားခြင်းပြုမည်မဟုတ်ပါ။ သို့သော်အမှတ်အသား၏ အတိုင်းအတာများကို ပြောင်းလဲခြင်း သို့မဟုတ် အဖြူ၊အမည်း မဟုတ်သည့် အခြားအရောင်များဖြင့် ကိုယ်စားပြုခြင်းကို (အမှတ်အသားကို အဖြူ၊အမည်းဖြင့် မှတ်ပုံတင်ထားသရွေ့) လုပ်ပိုင်ခွင့်ရှိသည်။   


ကုန်အမှတ်တံဆိပ်ကိုသင့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ယေဘူယျဆန်လွန်းသည့် အမှတ်အသားအဖြစ် ပြောင်းလဲခြင်းသို့ ရှောင်ကြဉ်ရန်

အကယ်၍ အများပြည်သူက သင်၏ကုန်အမှတ်တံဆိပ်ဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစား ဖြင့်ပတ်သက်နေပါက အထူးသဖြင့် သင်၏ကုန်စည်နှင့် သင်လုပ်ဆောင်သော ဝန်ဆောင်မှု ကုန်အမှတ်တံဆိပ် ပတ်သက်နေမှုကို တားမြစ်မှုလုပ်ဆောင်လျှင်၊ သင်၏ကုန်အမှတ်တံဆိပ်သည် ယေဘူယျဖြစ်ခြင်း သို့မဟုတ် ကုန်သွယ်မှုနယ်ပယ်တွင်လက်တွေ့အသုံးအနှုန်းဖြစ်လာခြင်း ဟူသောအချက်ကြောင့် သင့်၏မှတ်ပုံတင်ထားခြင်း ဆုံးရှုံးနိုင်သည်။ အမှတ်အသားသည် ယေဘူယျဖြစ်လာခြင်းမှ ကာကွယ်ရန်၊ ကုန်သွယ်မှုအမှတ်အသားကို အသုံးပြုနေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ ဖော်ပြချက်နောက်တွင် ဖြစ်နိုင်သမျှ အမှတ်အသားနှင့် ကိုက်ညီကြောင်း သေချာပါစေ။ ဥပမာအားဖြင့်၊ Johnson & Johnson သည် ၎င်း၏ ကော်ပတ်တီးကပ်ခွာများကို “ BAND-AID အမှတ်တံဆိပ် ကပ်ခွာပတ်တီးများ” အဖြစ်ဖော်ပြပြီး ရိုးရိုး “ BAND-AIDS” ထက်ပို၍ ဖော်ပြထားသည်။              

သင့်အနေဖြင့်လည်း အခြားသူများမှ ခွင့်ပြုချက်မရှိဘဲ ကုန်အမှတ်တံဆိပ်အဖြစ် အသုံးပြုခြင်း သို့မဟုတ် ၎င်းတို့၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ဖော်ပြရန်အသုံးပြုခြင်းမှ တားဆီးကာကွယ်ရာတွင်လည်း တက်ကြွစွာ လုပ်ဆောင်သင့်သည်။ ကုန်အမှတ်တံဆိပ်သည် သင့်ထံမှအစပြုဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ညွှန်ပြခြင်းမရှိတော့သောကြောင့် လှည့်ဖြားမှုသို့မဟုတ်ရှုပ်ထွေးမှုများဖြစ်လာပါက ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်းမှ ဖယ်ရှားပစ်နိုင်သည်။


®သင်္ကေတကို အသုံးပြုခြင်း

နိုင်ငံအများအပြားတွင်၊ မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း လက္ခဏာရှိသော ® သင်္ကေတဖြင့်ပါရှိသော မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များကို အသုံးပြုခြင်းသည် ကောင်းမွန်သောအလေ့အကျင့်ဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ အခြားနိုင်ငံများ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားကြောင်း မမှန်မကန်တောင်းဆိုခြင်းသည် ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်သည်။ အမှတ်တံဆိပ် သို့မဟုတ် အမှတ်အသားဖြင့် ® သင်္ကေတကို အသုံးပြုခြင်းသည် အမှတ်တံဆိပ် သို့မဟုတ် အမှတ်အသားကို မှတ်ပုံတင်ထားကြောင်း ထိရောက်စွာ ဖော်ပြထားသောကြောင့်၊ မှားယွင်းစွာအသုံးပြုပါက နိုင်ငံအများအပြားတွင်မူ ရာဇ၀တ်မှုတစ်ခုအဖြစ်သတ်မှတ်သည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ ၂၀၁၉ တွင် ® သင်္ကေတ အသုံးပြုမှုနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်မရှိပါ။ သို့သော်လည်း ဤ ကိစ္စသည် ဥပဒေတွင် ထုတ်ပြန်မည့် စည်းမျဉ်းများတွင် အကျုံးဝင်နိုင်ပါသည်။ အဆိုပါ စည်းမျဉ်း ဖော်ပြထားသည်များကို လိုက်နာပါက ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီးသည်နှင့် ၎င်းကို ® သင်္ကေတဖြင့် အသုံးပြုသင့်သည်။ ® သည် ကုန်အမှတ်တံဆိပ်၏ ညာဘက်အပေါ်ထောင့်တွင်ဖော်ပြရမည်။


™ သင်္ကေတကို အသုံးပြုခြင်း။

ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ခြင်းမပြုမီ၊ ကုန်အမှတ်တံဆိပ်၏ ညာဘက်အပေါ်ထောင့်ရှိ TM သင်္ကေတကိုအသုံးပြုခြင်းသည် အလေ့အကျင့်ကောင်းဖြစ်သည်။ TMသင်္ကေတကိုအသုံးပြုခြင်းသည် စကားလုံး များနှင့်/သို့မဟုတ် ဂရပ်ဖစ်များကိုကုန်အမှတ်တံဆိပ်အဖြစ် မှတ်ယူထားပြီး ၎င်းတို့ကို ကုန်အမှတ် တံဆိပ်အဖြစ် (ယေဘုယျအသုံးအနှုန်းအဖြစ်မဟုတ်ဘဲ) အသုံးပြုနေခြင်းကိုညွှန်ပြသည်။ အကယ်၍နိုင်ငံအတွင်းရှိ ကုန်စည်များ နှင့်ဝန်ဆောင်မှုများအတွက်  ကုန်အမှတ်တံဆိပ်ကို အသုံးပြုခြင်းမဟုတ်လျှင်၊ သင်ကုန်အမှတ် တံဆိပ်သည် မှတ်ပုံတင်ထားသည်ဟု(®သင်္ကေတကိုအသုံးပြုခြင်း သို့မဟုတ် အခြား သင်္ကေတများဖြင့်) မဖော်ပြသင့်သည်မှာ အရေးကြီးသည်။ အကယ်၍ သံသယရှိပါက TM သင်္ကေတကို အသုံးပြုသင့်သည်။


ကုန်အမှတ်တံဆိပ်အသုံးပြုကြောင်းအကြောင်းကြားစာ(Notice)

TM နှင့် ® သင်္ကေတများသည် ဥပဒေအရအသုံးပြုရန်မလိုအပ်သော်လည်း ၎င်းတို့သည် သင်၏ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို ထိန်းသိမ်းရာတွင် လက်တွေ့တွင်  တချို့မှအသုံးပြုမှုများရှိသည်။ သို့သော် ဖြစ်နိုင်လျှင် သင်သည်အမှတ်အသား၏ ပိုင်ဆိုင်သူဖြစ်ကြောင်းညွှန်ပြသည့် ပိုမိုပြည့်စုံသော အကြောင်းကြားစာ (Notice) ကို အသုံးပြုခြင်းက ပိုကောင်းပါသည်။

ဥပမာ- TM နှင့် ® သင်္ကေတများကို ကုန်အမှတ်တံဆိပ်၏ ဘေးတွင်ဖော်ပြထားပါက၊ ကုန်အမှတ်တံဆိပ်၏ ဘေးတွင်ကပ်လျက် သို့မဟုတ် အနီးအနားတွင်ကပ်လျက် အောက်ဖော်ပြပါကဲ့သို သတိပေးစာ (Notice) ကိုထည့်သွင်းဖော်ပြရမည်-(က) ® သင်္ကေတကိုအသုံးပြုပါက၊ “(ပိုင်ဆိုင်သူနာမည်ဖော်ပြ၍)မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်”(ခ) TM သင်္ကေတကိုအသုံးပြုပါက၊ “(ပိုင်ဆိုင်သူနာမည်ဖော်ပြ၍) ကုန်အမှတ်တံဆိပ်” 

စာသားတွင်၊ ကုန်အမှတ်တံဆိပ်၏ ပထမဆုံးဖော်ပြချက်သည် သင်္ကေတနှင့် သတိပေးချက် (Notice) ဖြင့် တွဲဖော်ပြရမည်ဖြစ်သည်။ ဘေးပတ်လည်ရှိစာသားများဖြင့် (ဥပမာ၊ ၎င်းတို့ကို စာလုံးစောင်းဖြင့်ထားခြင်းဖြင့်)  ခွဲခြားဖော်ပြထားသရွေ့ သင်္ကေတမပါရှိဘဲ ထိုစာရွက်စာတမ်းတွင် ကုန်အမှတ်တံဆိပ်အသုံးပြုမှုကို တပြိုင်ထဲ ဖော်ပြနိုင်သည်။


ကုန်အမှတ်တံဆိပ်ကို အသုံးပြုသည့်အခါတိုင်း ဤလမ်းညွှန်ချက်များကို လိုက်နာပါ။

ကုန်အမှတ်တံဆိပ်အတွက် ကောင်းမွန်သောအသုံးပြုမှုလမ်းညွှန်ချက်များကို အမြဲသတိပြု လိုက်နာသင့်သည်။ ဥပမာအားဖြင့်၊ စီးပွားရေးလုပ်ငန်းအတွင်း ပြည်တွင်းဆက်သွယ်မှုအတွက်၊ ကြော်ငြာနှင့် မီဒီယာအဖွဲ့အစည်းများနှင့် ပတ်သက်သည့်၊ အမှုသည်များနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် မတူညီသောလုပ်ဆောင်မှုများကို မပြုလုပ်ပါနှင့်။ 

Comentários


bottom of page