top of page
  • Mark Livingston

ကုမ္ပဏီအတွင်းရေးမှူးချုပ် လိုက်နာရန်သတိပေးချက် – MyCO စာရွက်စာတမ်းများ၏ မိတ္တူများ

မြန်မာနိုင်ငံကုမ္ပဏီများ စည်းမျဉ်းဥပဒေ ၂၀၁၈ (MCR) ၏ စည်းမျဉ်း ၃ (စ) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“(စ) ကုမ္ပဏီတစ်ခုသည် ယင်း၏မှတ်ပုံတင်ထားသော ရုံးခန်း သို့မဟုတ် စီးပွားရေး လုပ်ငန်း အဓိက လုပ်ကို်ငဆောင်ရွက်ရာနေရာ သို့မဟုတ် ဥပဒေအရ ထိန်းသိမ်းထားသော ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်း၊ အညွှန်းစာရင်းများကို ထိန်းသိမ်းထားသည့် နေရာတွင် အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဖြင့် ဆောင်ရွက်ထားသော အထောက်အထားများနှင့် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုး၍ ထိန်းသိမ်းထားရှိရမည်။”


လက်တွေ့တွင် ဆိုလိုသည်မှာ ‘Myanmar Companies Online’ (MyCO) အွန်လိုင်း အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်ခြင်းမှတစ်ဆင့် ကုမ္ပဏီ လျှောက်လွှာ တင်သည့်အခါတိုင်း၊ ဖောင်၏ မိတ္ထူတစ်စုံကို လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး (အကြောင်းအရာပါ“executed” ဆိုသည်မှာ ဤနေရာတွင် “လက်မှတ်ရေးထိုး” ခြင်းဖြစ်သည်) လက်မှတ်ရေးထိုး ထားသောမိတ္တူကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ထိန်းသိမ်းထားသည့် ကုမ္ပဏီတွင်း ကုမ္ပဏီမှတ်ပုံတင်ဖိုင်တွင် ထားရှိရမည်ဖြစ်သည်။


MyCO ၏စာရွက်စာတမ်း မိတ္ထူဗားရှင်းများကို MyCO ဝဘ်ဆိုက်မှ သတ်မှတ်ထားသော ဖောင်ပုံစံများ၏ PDF ဗားရှင်းများဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါသည် (https://myco.dica.gov.mm/public/PrescribedForms.aspx ကိုကြည့်ပါ)။ MCR မှ လိုအပ်သော MyCO ဖောင်များ ပြုလုပ်ခြင်းနှင့် လက်မှတ်ရေးထိုးခြင်းအပြင်၊ စာရွက်စာတမ်းများ မတင်မှီ ဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီအတွင်းရေးမှူးမှ အွန်လိုင်းမှ MyCO ဖောင်နှင့် ၎င်း၏အကြောင်းအရာများကိုခွင့်ပြုထားကြောင်း အတည်ပြုထားသော စာရွက်မိတ္ထူပါရှိသည့် အတွက် ကော်ပိုရိတ်အုပ်ချုပ်မှုရှုထောင့်မှလည်း  အကျိုးရှိပါသည်။ ထို့အပြင်၊ MyCO အွန်လိုင်း ဖောင်များအားလုံးသည် ဖောင်ကို ‘လက်မှတ်ထိုးရန်’ လျှောက်ထားသူ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး အမည်ကို ထည့်သွင်းရန်လိုအပ်ပါသည်။ MyCO ဖိုင်ကို တင်သွင်းသူ တိုင်းသည် MyCO တွင် ‘လက်မှတ်ထိုးသူ’ အဖြစ် ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၏ အမည်ကို ထည့်သွင်းသည့် စာရွက်စာတမ်း လျှောက်ထားမှု ပြုလုပ်သူသည် ထိုကဲ့သို့ထည့်သွင်းခွင့်ပြုရန် ရှင်းရှင်းလင်းလင်း အတည်ပြုထားသည့် သက်ဆိုင်ရာ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးမှ လက်မှတ်ရေးထိုးထားသော ဖောင်၏ စာရွက် မိတ္တူရှိသင့်သည်။ ဤသို့ပြုလုပ်မှုသည် ၎င်းတို့၏ဖောက်သည်များအတွက် MyCO စာရွက်စာတမ်းတင်သွင်းမှုများ ပြုလုပ်ရာတွင် ပြင်ပမှ ဝန်ဆောင်မှုပေးသူများအတွက် အထူးအရေးကြီးပါသည်။


တစ်ခါတစ်ရံတွင် ကုမ္ပဏီ၏ MyCO စာရွက်စာတမ်းတင်သွင်းမှုများ အားလုံးကို (သို့မဟုတ်တစ်ခုမှကိုပင်) လက်မှတ်ထိုးထားသော မိတ္ထူများကို မသိမ်းဆည်းထားကြသည့် ကုမ္ပဏီများကိုပင် ကျွန်ုပ်တို့တွေ့ရသည်။ MCR ၏ စည်းမျဉ်း ၃(စ) ကို လိုက်နာခြင်းသည် လက်တွေ့တွင်မူ အများစုမှာ ကုမ္ပဏီတွင်း ကိစ္စရပ်များသာဖြစ်သည် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲရေး ညွှန်ကြားမှု ဦးစီးဌာနသည် ဤကိစ္စကို စောင့်ကြည့်နေခြင်း မရှိပါ။ သို့သော်လည်း၊ MyCO ဖိုင်များတင်သွင်းမှုကို ခွင့်ပြုထားသည့် စာရွက်မိတ္တူ မှတ်တမ်းများမပါဘဲ ကုမ္ပဏီများသည် ယခင်က ဖိုင်များတင်သွင်းမှုကို တရားဝင်သည်ဟု သတ်မှတ်နိုင်ရန် ခက်ခဲသည်။ ၎င်းသည် လက်ရှိအစုရှယ်ယာရှင်များ သို့မဟုတ် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူအသစ်များအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ချေရှိပြီး၊ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ MyCO စာရွက်စာတမ်းများ တင်သွင်းခြင်းမပြီးမီတွင် ဖိုင်တင်သွင်းရန်ပြုလုပ်သူများအတွက် အကြောင်းအရာတစ်ခု ဖြစ်သင့် သည်။


MyCO တွင်ဖောင်တင်သွင်းခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ လိုက်နာရမည့် ကိစ္စရပ် များနှင့်ပတ်သက်ပြီး သိရှိလိုသည်များ သို့မဟုတ် အကူအညီများရယူလိုပါက၊ ကျွန်ုပ်တို့ထံ အခမဲ့ဆက်သွယ်နိုင်ပါသည်။

Comments


bottom of page