top of page

ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ

  • Mark Livingston
  • Mar 25, 2024
  • 2 min read

ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ဆိုသည်မှာ အဘယ်နည်း။

ကုမ္ပဏီတစ်ခုက ထုတ်ဝေရောင်းချသည့်အစုရှယ်ယာများ သို့မဟုတ် အခြား Security များနှင့်ပတ်သက်ပြီး အသုံး ပြုမည်ဆိုပါက “ပြန်လည်ရွေးနုတ်ရယူနိုင်သော” ဟူသည့်စကားရပ်မှာ  အဓိအားဖြင့် “ကုမ္ပဏီက ပြန်လည် ဝယ်ယူခွင့် ရှိသည် သို့မဟုတ် ပြန်လည်ဝယ်ယူရမည်ဟူသည့်စည်းကမ်းချက်များဖြင့် ထုတ်ဝေထားသော” ဟူ၍ အဓိပ္ပာယ်ရပါသည်။ သို့ဖြစ်ပါ၍ ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ဆိုသည်မှာ ကုမ္ပဏီ၏ရွေးချယ်မှုဖြင့် သို့မဟုတ် အစုရှယ်ယာရှင်၏ရွေးချယ်မှုဖြင့် ကုမ္ပဏီက ပြန်လည်ရွေးနုတ် ရယူရန်ရည်ရွယ်၍ ထုတ်ဝေရောင်းချသော သီးခြားအစုရှယ်ယာအတန်းအစားတစ်ခုဖြစ်ပါသည်။ ပြန်လည် ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကို ပုံမှန်အားဖြင့် တန်ဖိုးတစ်ရပ်အတွက် (အများအားဖြင့် ငွေသားဖြင့်) ပြန်လည်ရွေးနုတ်ရယူလေ့ရှိကြပါသည်။ အစုရှယ်ယာပြန်လည်ရွေးနုတ်ရယူခြင်း အားဖြင့် ကုမ္ပဏီသည် ၎င်း၏အစုရှယ်ယာ များကိုပြန်လည်ဝယ်ယူခြင်း (Share Buyback) ပြုလုပ်ခြင်းထက် အစုရှယ်ယာရှင်များထံသို့ မတည်ရင်းနှီးငွေ ပြန်လည်ပေးအပ်သည့်နည်းလမ်းကို ကျင့်သုံးနိုင်ပါသည်။


ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကိုထုတ်ဝေခွင့်

၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (MCL) တွင် ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကို ဦးစားပေးအစုရှယ်ယာများ (Preference Shares) များပုံစံဖြင့် သတ်မှတ်ထားပါသည်။  ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကို ပြန်လည်ရွေးနုတ်ရယူနိုင်သည် ဟူသောစည်းကမ်းချက်မှအပ ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) သည် အခြားကိစ္စရပ်များ (အမြတ်ဝေစု၊ မဲပေးပိုင်ခွင့်၊ အစရှိသည့်) နှင့်စပ်လျဉ်း၍ ဦးစားပေးအခွင့်အရေးရှိကြောင်း တိတိကျကျသတ်မှတ်ထားသည့်ပြဋ္ဌာန်းချက်များကို MCL တွင်ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိပါ။ သို့ရာတွင် ကိစ္စ အများစု၌ ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) တွင် အခြားဦးစားပေးအခွင့် အရေးများလည်းရှိပါသည်။

ကုမ္ပဏီတစ်ခုသည် ထိုကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ၊ ကုမ္ပဏီတွင်ပါဝင်သူများ၏အထူးဆုံးဖြတ် ချက်ဖြင့် အတည်ပြု၍ဖြစ်စေ  ဦးစားပေးအစုရှယ်ယာများဆိုင်ရာအခွင့်အရေးများကိုသတ်မှတ်ထားသည့် စည်းမျဉ်း များကို အတည်ပြုသတ်မှတ်ထားပါက  (ပြန်လည်ရွေးနုတ်ရယူနိုင်သောဦးစားပေးအစုရှယ်ယာများ (Redeemable Preference Shares)) အပါအဝင် ဦးစားပေးအစုရှယ်ယာများကို ထုတ်ဝေနိုင်ပါသည်  (MCL ပုဒ်မ ၇၃၊ ၇၄၊ ၁၁၂ (က) (၆))။ ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) မှာ သီးခြားအစုရှယ်ယာအတန်း အစား (သာမန်အစုရှယ်ယာများနှင့်မတူဘဲ) တစ်ရပ်ဖြစ်သောကြောင့် ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အစု ရှယ်ယာအတန်းအစားများသတ်မှတ်ခြင်းကိုလုပ်ပိုင်ခွင့်ပြုထားရန်လည်းလိုအပ်ပါသည်။ ပြန်လည်ရွေးနုတ်ရယူ နိုင်သောအစုရှယ်ယာများ (Redeemable Shares) (သို့မဟုတ် အခြားဦးစားပေးအစုရှယ်ယာများ) ကို သတ်မှတ်ပြီး အဆိုပါအစုရှယ်ယာအတန်းအစားဆိုင်ရာအခွင့်အရေးများကိုသတ်မှတ်ထားသည့်စည်းမျဉ်းများကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ၊ အထူးဆုံးဖြတ်ချက်ဖြင့်ဖြစ်စေ အတည်ပြုသတ်မှတ်ထားပြီးဖြစ်ပါက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင်ပါဝင်သူများထံသို့ထပ်မံတင်ပြခြင်းမပြုတော့ဘဲ ကုမ္ပဏီ၏ဒါရိုက်တာများ အား အဆိုပါစည်းမျဉ်းများဖြင့်အစုရှယ်ယာများထုတ်ဝေခွင့်ကို ပေးအပ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့်အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့်ပုဂ္ဂလိက ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Model Constitution) ၏အပိုဒ် ၉ နှင့် ၁၀ တို့တွင် ဒါရိုက်တာများအား အဆိုပါ လုပ်ပိုင်ခွင့်ကို အပ်နှင်းထားပါသည်။

MCL ပုဒ်မ ၁၁၂ တွင် ကုမ္ပဏီများအနေဖြင့် သာမန်အစုရှယ်ယာများကို ဦးစားပေးအစုရှယ်ယာများအဖြစ်သို့ ပြောင်း လဲနိုင်ပြီး ဦးစားပေးအစုရှယ်ယာများကိုလည်း သာမန်အစုရှယ်ယာများအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း (အစု ရှယ်ယာရှင်များ၏အတည်ပြုချက်ဖြင့်) သတ်မှတ်ထားပါသည်။ သို့ရာတွင် ဤပြဋ္ဌာန်းချက်သည် ပြန်လည် ရွေးနုတ်ရယူနိုင်သောဦးစားပေးအစုရှယ်ယာများ (Redeemable Preference Shares) နှင့်လည်းသက်ဆိုင်မှုရှိ၊ မရှိ ရှင်းလင်းတိကျစွာမသိရှိနိုင်ပါ။ Common Law ကိုလိုက်နာကျင့်သုံးကြသည့်အခြားနိုင်ငံများတွင်မူ အစကတည်းက ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) များကို ပြန်လည်ရွေးနုတ်ရယူ နိုင်သောအစုရှယ်ယာများ (Redeemable Shares) အဖြစ် တိတိကျကျသတ်မှတ်ဖော်ပြ၍ထုတ်ဝေရန် သတ်မှတ် ထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ဤနည်းလမ်းကိုကျင့်သုံးခြင်းမှာ စိတ်အချရဆုံးဖြစ်သည်ဟု အကြံပြုတင်ပြ လိုပါသည်။

ကုမ္ပဏီတစ်ခု၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဖြင့် ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) အပါအဝင် ဦးစားပေးအစုရှယ်ယာများ (Preference Shares) ထုတ်ဝေခြင်းကိုပိတ်ပင်တားမြစ်နိုင်သည် ဟု MCL တွင် အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါ။ သို့ရာတွင် ဦးစားပေးအစုရှယ်ယာများ (Preference Shares) ထုတ်ဝေခြင်း နှင့် အဆိုပါဦးစားပေးအစုရှယ်ယာများ (Preference Shares) ဆိုင်ရာစည်းမျဉ်းများကို ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် ထည့်သွင်းသတ်မှတ်၍ အတည်ပြုဆောင်ရွက်နိုင်သည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သည် ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) နှင့် အခြားဦးစားပေးအစု ရှယ်ယာများ (Preference Shares) ထုတ်ဝေခြင်းကိုလည်း ပိတ်ပင်တားမြစ်နိုင်သည့်အနေအထားမျိုးဖြစ်သင့်ပါ သည်။ သို့ဖြစ်၍ ကုမ္ပဏီတစ်ခုအနေဖြင့် ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကိုထုတ်ဝေရန်အဆိုပြုတင်ပြခြင်းမပြုမီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြန်လည်စိစစ်သင့်ပါသည်။


ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) ကိုပြန်လည်ရွေးနုတ်ခြင်း

MCL ပုဒ်မ ၇၄ (ခ) တွင် ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသောဦးစားပေးအစုရှယ်ယာများကို (၁) တိကျစွာ သတ်မှတ် ထားသည့်အချိန်တွင် သို့မဟုတ် တိကျစွာသတ်မှတ်ထားသည့်အထူးအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လာသည့် အခါတွင် သို့မဟုတ်၊ (၂) ကုမ္ပဏီက ရွေးချယ်ရယူသည့်အခါတွင် သို့မဟုတ်၊ (၃) အစုရှယ်ယာရှင်က ရွေးချယ်ရယူ သည့်အခါတွင် ပြန်လည်ရွေးနုတ်ရယူနိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ကုမ္ပဏီများအနေဖြင့် ဥပမာ – အစုရှယ်ယာ များကို မတူညီသောအချိန်တွင် မတူညီသောအစိတ်အပိုင်းများအလိုက်ပြန်လည်ရွေးနုတ်ခွင့်ပြုခြင်း သို့မဟုတ် ပြန်လည်ရွေးနုတ်ရယူခြင်းဆိုင်ရာပုံသေနှုန်းထားသတ်မှတ်ခြင်း သို့မဟုတ် နှုန်းထားသတ်မှတ်သည့်တွက်ချက်ပုံ နည်းလမ်းကို အတည်ပြုချမှတ်ထားခြင်း တို့ကို အဆင်ပြေသလိုပြင်ဆင်သတ်မှတ်နိုင်ပါသည်။

သို့ရာတွင် MCL ပုဒ်မ ၇၄ (ဂ) အရ ကုမ္ပဏီများသည် (၁) ဦးစားပေးအစုရှယ်ယာများအတွက် အပြည့်အဝငွေပေး ချေပြီးဖြစ်မှသာ၊ သို့မဟုတ် (၂) ကုမ္ပဏီ၏အကျိုးအမြတ်များကိုအသုံးပြု၍ သို့မဟုတ် ဦးစားပေးအစုရှယ်ယာများ ကို ပြန်လည်ရွေးနုတ်ရယူရန်ရည်ရွယ်၍ အစုရှယ်ယာအသစ်များထုတ်ဝေမှု၏အကျိုးအမြတ်များကို အသုံးပြုခဲ့မှ သာ၊ သို့မဟုတ် ပြန်လည်ရွေးနုတ်ရယူခြင်းပြုလုပ်ခဲ့ပါက ကုမ္ပဏီတွင် ကြွေးမြီးစစ်ဆေးချက်၌ ကျေနပ်လက်ခံနိုင် မည်ဖြစ်ကြောင်း ဒါရိုက်တာများက သင့်လျော်သောအကြောင်းအချက်များအပေါ် ဆုံးဖြတ်ခဲ့သည့်အခြေအနေဖြစ်မှ သာ ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသောဦးစားပေးအစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူနိုင်မည်ဖြစ်ပါသည်။


MCL ပုဒ်မ ၁ (ဂ) (၃၉) အရ “ကြွေးမြီစစ်ဆေးချက်” ဆိုသည်မှာ (က) ကုမ္ပဏီသည် သာမန်စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် ပေးချေရန်အချိန်စေ့ရောက်သောကြွေးမြီများကို ပေးချေနိုင်စွမ်းရှိခြင်း၊ နှင့် (ခ) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့် (Asset) များသည် အဆိုပါကုမ္ပဏီ၏ပေးရန်တာဝန် (Liabilities) များထက်ပိုနေခြင်း ကိုဆိုလိုပြီး ထိုကိစ္စရပ်တစ်ခုစီသည် အဆိုပါကုမ္ပဏီများနှင့်သက်ဆိုင်သည့် သို့မဟုတ် အခါအားလျော်စွာသတ်မှတ်ဖော်ပြထား သည့်စာရင်းကိုင်စံနှုန်းများနှင့်အညီဖြစ်စေရမည်။

ကုမ္ပဏီတစ်ခုက အစုရှယ်ယာအသစ်ထုတ်ဝေခြင်းမှရရှိလာသောငွေကို ပြန်လည်ရွေးနုတ်ယူရာတွင်သုံးစွဲရန် ရည်ရွယ်ပါက ထိုထုတ်ဝေမှုပြုလုပ်ရသည်မှာ ပြန်လည်ရွေးနုတ်ရယူခြင်းအတွက်သုံးစွဲရန်ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း သီးခြားသတ်မှတ်ရမည်ဖြစ်သည်ကို သတိပြုသင့်ပါသည်။

ပြန်လည်ရွေးနုတ်ရယူခြင်းတန်ဖိုးကို ငွေသားဖြင့်ပေးချေရမည်ဖြစ်ကြောင်း MCL တွင်အတိအလင်းသတ်မှတ်ထား ခြင်းမရှိပါ။ သို့ဖြစ်ရာ ငွေပေးချေမှုပြုလုပ်ရာတွင် ငွေသားမဟုတ်သော Asset (Non-cash Asset) ကို လွှဲပြောင်း ပေး၍သော်လည်းကောင်း၊ ပေးရန်တာဝန်တစ်ရပ်ရပ်အတွက် ခုနှိမ်ပေး၍သော်လည်းကောင်း အစရှိသည်တို့ အပါအဝင် In Kind ဖြင့်လည်း ပေးချေမှုပြုလုပ်နိုင်ဖွယ်ရှိပါသည်။ ပြန်လည်ရွေးနုတ်ရယူခြင်းတန်ဖိုးနှင့်ပတ်သက်၍ မရှင်းလင်းမှု သို့မဟုတ် အငြင်းပွားမှုတစ်စုံတစ်ရာမရှိစေရန်အတွက် ကုမ္ပဏီများအနေဖြင့် ခွဲဝေမှု (Allotment) မပြုမီ အတည်ပြုထားသည့် ပြန်လည်ရွေးနုတ်ရယူနိုင်သောအစုရှယ်ယာများ (Redeemable Shares) နှင့် ပတ်သက်၍ ပြန်လည်ရွေးနုတ်ရယူခြင်းတန်ဖိုးတွက်ချက်မှုပုံစံ၊ တန်ဖိုးပမာဏ သို့မဟုတ် တွက်ချက်မှုနည်းလမ်းတို့ ကို တိတိကျကျ သတ်မှတ်ထားရန် အကြံပြုလိုပါသည်။


ပြန်လည်ရွေးနုတ်ရယူပြီးနောက် ဆောင်ရွက်ရမည့်အရာများ

အစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူပြီးသည့်အခါ အဆိုပါအစုရှယ်ယာများမှာ အလိုအလျောက်ပျက်ပြယ် ပြီးဖြစ်စေရမည် (MCL ပုဒ်မ ၇၄ (င))။ ကုမ္ပဏီ၏ထုတ်ဝေပြီးအစုရှယ်ယာမတည်ငွေရင်းပမာဏသည် ပြန်လည် ရွေးနုတ်ရယူသည့်အစုရှယ်ယာများ၏မူလတန်ဖိုး (Nominal Value) အရ လျော့ကျသွားမည်ဖြစ်ပါသည်။

ပြန်လည်ရွေးနုတ်ရယူပြီးဖြစ်သောအစုရှယ်ယာများကို ပယ်ဖျက်ခြင်း နှင့် အစုရှယ်ယာရှင်များဆိုင်ရာ အပြောင်း အလဲနှင့်သက်ဆိုင်သောအသေးစိတ်အချက်အလက်များကို ထည့်သွင်းဖြည့်စွက်ထားသော အစုရှယ်ယာမတည် ငွေရင်းပမာဏ သို့မဟုတ် အစုရှယ်ယာရှင်များမှတ်ပုံတင်စာရင်းပြင်ဆင်ပြောင်းလဲခြင်း ပုံစံ ဂ-၃ (Form C-3) ကို အစုရှယ်ယာများပြန်လည်ရွေးနုတ်ရယူပြီးနောက် ရက်ပေါင်း ၂၁ ရက်အတွင်း MyCO Online Company Registry System မှတစ်ဆင့် DICA ထံသို့ တင်ပြရမည်ဖြစ်ပါသည်။

 
 
home_background.png

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

Calibre Corporate Services Ltd. (Registration No. 104279953)

အီးမေးလ်လိပ်စာ : contact@calibrecs.com | ဖုန်းနံပါတ်နှင့် Viber: +95 926 5067 667

bottom of page