top of page
Mark Livingston

မြန်မာနိုင်ငံတွင် အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် ပုဂ္ဂလိကကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း

အခြားစီရင်ပိုင်ခွင့်များကဲ့သို့ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသည့် စီးပွားရေးအဖွဲ့အစည်းပုံစံမှာ အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသည့် ပုဂ္ဂလိကကုမ္ပဏီများ (PCLS) ပင်ဖြစ်သည်။ ၂၀၁၇မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများအွန်လိုင်း (MyCo) အီလက်ထရွန်းနစ်မှတ်ပုံတင်စနစ်နှင့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် ထွက်ပေါ်ခဲ့သည့် ကုမ္ပဏီမှတ်ပုံတင်စနစ်တို့ စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် PCLS ဖွဲ့စည်းတည်ထောင်ခြင်းလုပ်ငန်းစဉ်မှာ ပိုမိုမြန်ဆန်ရှင်းလင်းလွယ်ကူလာခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းလုပ်ငန်းစဉ်အတွက် အဓိကလိုအပ်ချက်များနှင့် နည်းလမ်းများခြုံငုံသုံးသပ်ချက်ကို ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း ထည့်သွင်းစဉ်းစားစရာအချက်များနှင့်အတူ အောက်တွင် ဖော်ပြပေးထားသည်။ 


အဓိကလိုအပ်ချက်များ

PCLS ကို ဖွဲ့စည်းတည်ထောင်ရာတွင် –

  • အနည်းဆုံး အစုရှယ်ယာရှင်တစ်ဦးနှင့် ဒါရိုက်တာတစ်ဦး ရှိရမည်။ ဖွဲ့စည်းတည်ထောင်သည့် ကုမ္ပဏီသည် အစုရှယ်ယာရှင်များကိုယ်တိုင် ဖြစ်နိုင်သော်လည်း သဘာဝလူပုဂ္ဂိုလ် (Natural Person) သာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ရမည်။ သဘာဝလူပုဂ္ဂိုလ် (Natural Person) တစ်ဦးသည် PCLS ၏ တစ်ဦးတည်းသော အစုရှယ်ယာရှင်နှင့် တစ်ဦးတည်းသော ဒါရိုက်တာဖြစ်နိုင်သည်။

  • ၁၂ လတာကာလအတွင်း အနည်းဆုံး ၁၈၃ ရက် မြန်မာနိုင်ငံတွင် ပုံမှန်နေထိုင်သည့် ဒါရိုက်တာ အနည်းဆုံးတစ်ဦး ရှိရမည်။ သို့သော် နေထိုင်သူဒါရိုက်တာမှာ မြန်မာနိုင်ငံသားဖြစ်ရန် မလိုအပ်ပါ။

  • အစုရှယ်ယာရှင် ၅၀ ဦးထက် မပိုရပါ။

  • ကုမ္ပဏီအတွင်းရေးမှူးရှိရမည်ဖြစ်ပြီး မဖြစ်မနေထားရှိရန် မလိုအပ်ပါ။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ PCLS ဖွဲ့စည်းတည်ထောင်ရန်အတွက် အနိမ့်ဆုံးမတည်ငွေရင်း လိုအပ်ချက်နှင့် မြန်မာနိုင်ငံသားပိုင်ဆိုင်မှုအနိမ့်ဆုံးပမာဏကို မသတ်မှတ်ထားပါ။ သို့သော် မြန်မာနိုင်ငံသားပိုင်ဆိုင်မှုနှင့် အနိမ့်ဆုံးမတည်ငွေရင်းလိုအပ်ချက်တို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် လုပ်ငန်းအမျိုးမျိုးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းပါမစ်နှင့် လိုင်စင်များနှင့် သက်ဆိုင်မှုရှိသည်။ အကယ်၍ လူကြီးမင်းအနေဖြင့် အဆိုပါလိုအပ်ချက်များသတ်မှတ်ထားသည့် နယ်ပယ်တွင် PCLS ဖွဲ့စည်းတည်ထောင်မည် ဆိုပါက ကုမ္ပဏီ၏ မတည်ငွေရင်းနှင့် ပိုင်ဆိုင်မှုကို လိုက်လျောညီထွေဖွဲ့စည်းရန် လိုအပ်ပါမည်။


ဖွဲ့စည်းတည်ထောင်ခြင်းလုပ်ငန်းစဉ်

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်လွှာများ (နှင့် အခြားကုမ္ပဏီစာရွက်စာတမ်းများ သိမ်းဆည်းခြင်း) ကို MyCO မှတ်ပုံတင်စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်ပြီဖြစ်သော်လည်း DICA တွင် စာရွက်စာတမ်း (hardcopy) များ သိမ်းဆည်းထားနိုင်ပါသေးသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်ထားရာတွင် လျှောက်လွှာ hardcopy တွင် လျှောက်ထားသူကိုယ်စား ဖြည့်စွက်၍ လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ လက်မှတ်ရေးထိုးထားသည့် မူရင်း hardcopy လျှောက်လွှာကို ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းတွင် သိမ်းဆည်းထားရမည်။ အကယ်၍ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်လွှာကို ပြင်ပဝန်ဆောင်မှုဖြင့် ပြုလုပ်ပါက ၎င်းလျှောက်လွှာသည် MyCO မှတ်ပုံတင်စနစ်မှ ဖိုင်ပါအချက်အလက်များနှင့် စပ်လျဉ်း၍ ပြန်ပဝန်ဆောင်မှုပေးသူအတွက် လမ်းညွှန်အဖြစ် အထောက်အကူဖြစ်မည်။

ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်အများစုကို အင်္ဂလိပ်ဘာသာဖြင့်ပင် DICA သို့ တင်ပြနိုင်သည်။ တင်ပြရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဖွဲ့စည်းတည်ထောင်မည့် ကုမ္ပဏီအသစ်၏ အဆိုပြုအမည်

  • ကုမ္ပဏီဒါရိုက်တာအသီးသီးတို့၏ ကိုယ်ရေးအချက်အလက်များ

  • ကုမ္ပဏီတွင် အတွင်းရေးမှူးထားရှိမည်ဆိုပါက ၎င်း၏ ကိုယ်ရေးအချက်အလက်

  • နိုင်ငံခြားသားဒါရိုက်တာများနှင့် နိုင်ငံသားဒါရိုက်တာများ၏ (အတွင်းရေးမှူးထားရှိပါက ၎င်း၏) နိုင်ငံကူးလက်မှတ်/မှတ်ပုံတင်စာမျက်နှာကို စကန် (Scan) ဖတ်ထားသည့် မိတ္တူများ

  • မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီလိပ်စာ

  • ကုမ္ပဏီ၏ ပင်မလုပ်ငန်းဆောင်ရွက်ရာနေရာမှာ မှတ်ပုံတင်လိပ်စာနှင့် မတူပါက ယင်းလိပ်စာ

  • ကုမ္ပဏီသည် (တိုက်ရိုက်ဖြစ်စေ၊ ကြားခံအဖွဲ့အစည်းမှဖြစ်စေ အသစ်ဖွဲ့စည်းတည်ထောင်မည့် ကုမ္ပဏီကို ထိန်းချုပ်မည့်) ပင်မကုမ္ပဏီထားရှိမည်ဆိုပါက ပင်မကုမ္ပဏီ၏ အမည်၊ မှတ်ပုံတင်နံပါတ်နှင့် စီရင်ပိုင်ခွင့်

  • ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ထုတ်ဝေရောင်းချမည့် ကုမ္ပဏီ၏ စုစုပေါင်းအစုရှယ်ယာအရေအတွက်နှင့် ၎င်းအစုရှယ်ယာများအပေါ်လွှမ်းမိုးသည့် အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်စသည့် ငွေကြေးအမျိုးအစား

  • ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ထုတ်ဝေရောင်းချမည့် ကုမ္ပဏီ၏ အစုရှယ်ယာအမျိုးအစားများအတွက်

  • အစုရှယ်ယာအမျိုးအစား၏ အမည်အပြည့်အစုံ

  • ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ထုတ်ဝေရောင်းချမည့် အစုရှယ်ယာ အမျိုးအစားများ၏ စုစုပေါင်းအရေအတွက်

  • ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ထုတ်ဝေရောင်းချမည့် အစုရှယ်ယာ အမျိုးအစားများ အတွက် ပေးချေမည့် စုစုပေါင်းပမာဏ

  • ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ထုတ်ဝေရောင်းချမည့် အစုရှယ်ယာအမျိုးအစားများ အတွက် ပေးချေရန် ကျန်ရှိမည့် စုစုပေါင်းပမာ

  • ကုမ္ပဏီအစုရှယ်ယာရှင် Natural Person ၏ ကိုယ်ရေးအချက်အလက်များကို ၎င်းပိုင်ဆိုင်သည့် အစုရှယ်ယာအမျိုးအစား၊ အရေအတွက်၊ ၎င်းအစုရှယ်ယာများအတွက် ပေးချေပြီးပမာဏနှင့် ပေးချေရန် ကျန်ရှိသည့်ပမာဏများနှင့် အတူ ဖော်ပြရန်

  • ကုမ္ပဏီ၏ incorporated အစုရှယ်ယာရှင်အသီးသီးတို့၏ မှတ်ပုံတင်အချက်အလက်များကို ၎င်း incorporated enityt တို့ပိုင်ဆိုင်သည့် အစုရှယ်ယာအမျိုးအစား(များ)၊ အရေအတွက်၊ ၎င်းအစုရှယ်ယာများအတွက် ပေးချေပြီးပမာဏနှင့် ပေးချေရန် ကျန်ရှိသည့်ပမာဏများနှင့် အတူ ဖော်ပြရန်

  • DICA မှ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံ (Constitution) သို့မဟုတ် မိမိကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံ (Constitution) ကို အသုံးပြုမည်မပြုကို ဖော်ပြရန်။ အကယ်၍ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို အသုံးပြုမည်ဆိုပါက မြန်မာဘာသာဖြင့် (အင်္ဂလိပ်ဘာသာဖြင့်ပါ ပေးပို့လိုက ပေးပို့နိုင်သည်) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံမိတ္တူတစ်စောင်ကို လျှောက်လွှာများနှင့်အတူ ပေးပို့ရမည်။

ဒါရိုက်တာအသီးသီးတို့နှင့် ကုမ္ပဏီအတွင်းရေးမှူး (ရှိခဲ့ပါက) တို့သည် ထိုရာထူးများဖြင့် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီ စာဖြင့် ရေးသား၍ သဘောတူခွင့်ပြုရမည်။ တည်ထောင်သူအစုရှယ်ယာရှင်များအသီးသီးတို့သည်လည်း အစုရှယ်ယာရှင်အဖြစ် လက်ခံ၍ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်လွှာပါအတိုင်း ခွဲဝေရောင်းချမည့် အစုရှယ်ယာများကို ဝယ်ယူမည့်အကြောင်း စာဖြင့် ရေးသား၍ သဘောတူခွင့်ပြုရမည်။ သဘောတူခွင့်ပြုလွှာမူရင်းနှင့် လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်လွှာမူရင်းများကို (ကုမ္ပဏီ၏ မှတ်ပုံတင်မှတ်တမ်း၏ တစ်စိတ်တစ်ဒေသအဖြစ်) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသည့် လိပ်စာပါ ရုံးခန်းတွင် သိမ်းထားရမည်။


ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်သော ကုမ္ပဏီများတွင် “ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံ” ဟု ခေါ်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံရှိပါသည်။ DICA သည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်ထားရာတွင် တစ်စိတ်တစ်ဒေသအဖြစ် ကုမ္ပဏီအသစ်များ အဆင်သင့်အသုံးပြုနိုင်ရန် ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို ရေးဆွဲပြုလုပ်ခဲ့သည်။ အကယ်၍ တည်ထောင်သူအစုရှယ်ယာရှင်များသည် မတူညီသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို အသုံးပြုလိုပါက ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် လျှောက်လွှာနှင့်အတူ မြန်မာဘာသာဖြင့်ရေးသားထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို ပူးတွဲပေးပို့ရမည် (အင်္ဂလိပ်ဘာသာဖြင့်လည်း ရေးသာပေးပို့နိုင်သည်)။ (DICA ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံသည် သာမန်အစုရှယ်ယာများအတွက်သာဖြစ်၍ အခြားအမျိုးအစားများ ပြင်ဆင်ထည့်သွင်းသင့်ကြောင်း သတိပြုပါ။) 


နောက်ဆက်တွဲလိုက်နာရမည့် အဓိကအချက်အချို့

အကယ်၍ အစုရှယ်ယာရှင်များအားလုံး သို့မဟုတ် ဒါရိုက်တာများအားလုံးတို့သည် ဆုံးဖြတ်ချက်ဖော်ပြထားသည့် စာရွက်စာတမ်းတွင် ဆုံးဖြတ်ချက်ကို သဘောတူထောက်ခံကြောင်း လက်မှတ်ရေးထိုးပါက PCLS ၏ အစုရှယ်ယာရှင်များ သို့မဟုတ် ဒါရိုက်တာများသည် အစည်းအဝေးကျင်းပရန် မလိုအပ်ဘဲ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်သည်။  

ဝန်ထမ်းဦးရေ ၃၀ အောက်နှင့် ကျပ်သန်း ၅၀ အောက် နှစ်စဉ်ဝင်ငွေရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ “အသေးစားကုမ္ပဏီများ” အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုပြီး နှစ်စဉ်အထွေအထွေအစည်းအဝေးကျင်းပရန်နှင့် စစ်ဆေးထားသည့် စာရင်းများ DICA သို့ တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည်။

(“အသေးစားကုမ္ပဏီများ” မဟုတ်သည့်) အခြား PCLS များသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက် ၁၈ လအတွင်း နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပရန်နှင့် ထို့နောက်ပိုင်းတွင် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား ၁၅ လထက် ပိုမခြားစေဘဲ တစ်နှစ်လျှင် တစ်ကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရန် လိုအပ်သည်။ အဆိုပါကုမ္ပဏီများ၏ စာရင်းစစ်ဆေးထားသည့် ငွေစာရင်းရှင်းတမ်းများကို နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် တင်ပြအတည်ပြုရမည်။   

အသစ်ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီများသည် ဖွဲ့စည်းတည်ထောင်ပြီး ၂ လအတွင်း ကုမ္ပဏီ၏ အဓိကသတင်းအချက်အလက်များကို အတည်ပြုဖော်ပြ၍ ပထမနှစ်စဉ်အစီရင်ခံစာကို တင်ပြရမည်။ ထို့နောက်တွင် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်ပြီးနောက် တစ်လထက် နောက်မကျဘဲ နှစ်စဉ်အစီရင်ခံစာများကို တင်ပြရမည်။   

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံအသစ် သို့မဟုတ် လက်ရှိဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို ပြင်ဆင်လိုပါက အစုရှယ်ယာရှင်များ၏ အထူးဆုံးဖြတ်ချက် (၇၅% က သဘောတူထောက်ခံသည့် ဆုံးဖြတ်ချက်) နှင့် DICA သို့ ပြင်ဆင်လိုကြောင်း အသိပေးတင်ပြရန် လိုအပ်သည်။ ဒါရိုက်တာများ ခန့်အပ်ခြင်း၊ ရာထူးမှ နှုတ်ထွက်ခြင်း၊ ဒါရိုက်တာနှင့် သက်ဆိုင်သည့် အချက်အလက်များ ပြောင်းလဲခြင်း၊ အစုရှယ်ယာသစ်များ ခွဲဝေရောင်းချခြင်း၊ လက်ရှိအစုရှယ်ယာလွှဲပြောင်းခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ DICA ကို အကြောင်းကြားရမည်။ သို့သော် ပုံမှန်အားဖြင့် အကြောင်းကြားပုံစံကို တင်ပြရန်သာ လိုအပ်ပြီး မူရင်းစာရွက်စာတမ်းများကို ကုမ္ပဏီက သိမ်းဆည်းထားရမည်။ 

bottom of page