နောက်ခံအကြောင်း
၂၀၂၀ ပြည့်နှစ်ပထမနှစ်ဝက်အတွင်းတွင် မြန်မာအစိုးရသည် ဒေဝါလီခံသော ကုမ္ပဏီများ နှင့် စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် ဖျက်သိမ်းခြင်း နှင့်ပတ်သက်၍ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအသစ်နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများကို ပြဌာန်းခဲ့သည်။ လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများသည် ကြွေးကင်းသော ကုမ္ပဏီများကို ကုမ္ပဏီ၏အစုရှယ်ယာရှင်များ၏ ခွင့်ပြုချက်ဖြင့် ဆန္ဒအလျောက် ဖျက်သိမ်းခြင်း နည်းလမ်းဖြင့် လည်း ဖျက်သိမ်းနိုင်သည်။ လူမွဲခံယူခြင်းဆိုင်ရာဥပဒေသည် အစိုးရအနေဖြင့် ၎င်းဥပဒေအား ပြဌာန်းလိုက်သည်နှင့်တပြိုင်နက် အားလုံးသောဖျက်သိမ်းခြင်းများကို ကုမ္ပဏီများ ဖျက်သိမ်းခြင်းများအတွက် ပြဌာန်းချက်များပါဝင်သည့် ၂၀၁၇ခုနစ် မြန်မာကုမ္ပဏီများဥပဒေ (MCL) အောက်တွင် မဟုတ်ဘဲ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ဆောင်ရွက်ရမည် ဟုဆိုသည်။ သို့သော် လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို လက်တွေ့တွင် အကောင်အထည်မဖော်ရသေးပါ။ ယင်းအစား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) သည် လက်ရှိအချိန်တွင် MCL အရကုမ္ပဏီဖျက်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ခွင့်ပြုနေဆဲဖြစ်သည်။ (မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖျက်သိမ်းခြင်းများကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရဆောင်ရွက်သင့်သည်။)
များမကြာမီကာလတွင် လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ပိုမိုအပြည့်အဝ အကောင်အထည် ဖော်နိုင်လိမ့်မည်ဖြစ်ပြီး DICA သည် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်တာများကို စတင်စီမံလိမ့်မည်။ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ဖျက်သိမ်းခြင်းလုပ်ငန်းဆောင်တာများသည် MCL အရဖျက်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် အတော်လေးဆင်သောကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများပြောင်းလဲမှုများမှာ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းများအပေါ် လက်တွေ့ကျသော အကျိုးသက်ရောက်မှု အနည်းငယ်ရှိလိမ့်မည်ဟုမျှော်လင့်ပါသည်။
ဆန္ဒအလျောက် ဖျက်သိမ်းခြင်းလုပ်ငန်းစဉ် အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခုအား တရားဝင်ဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းအား ဖျက်သိမ်းရန်အတွက် ၎င်းကုမ္ပဏီအား ဖျက်သိမ်းရန်လိုအပ်သည်။ ဖျက်သိမ်းရာတွင် အသုံးအများဆုံးနည်းလမ်းမှာ အဖွဲ့ဝင်များ (ရှယ်ယာရှင်များ) မိမိဆန္ဒအလျောက်ဖျက်သိမ်းခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း တွင် အဓိကအဆင့်များမှာ-
Myanmar Certificate Practicing Accountant (CPA) သည်ကုမ္ပဏီ၏ ရေရှည်တွင် အကြွေးဆပ်နိုင်စွမ်း နှင့်ပတ်သက်၍ ဘဏ္ဍရေးဆိုင်ရာအစီရင်ခံစာကိုပြင်ဆင်ရန် ခန့်ထားပါသည်။ CPA သည် များသောအားဖြင့် ဖျက်သိမ်းသူအဖြစ် ခန့်အပ်ခံရသူနှင့် အတူတူဖြစ်သည်။
ဒါရိုက်တာများက ကြေငြာချက်တစ်ခုပြုလုပ်ပြီး ကုမ္ပဏီ၏အရည်အချင်းပြည့်မှီမှု/ ရေရှည်တွင် အကြွေးဆပ်နိုင်စွမ်းရှိမှုကို အတည်ပြုသည့်ကျမ်းကျိန်လွှာကိုကျိန်ဆိုကြသည်။
ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာနှင့် ဒါရိုက်တာများကြေငြာချက်နှင့် အရည်အချင်းပြည့်ဝမှုဆိုင်ရာ ကျမ်းကျိန်လွှာများကို DICA (ကုမ္ပဏီကြီးကြပ်သူ) သို့တင်သွင်းသည်။
မြန်မာ CPA ဖြစ်သည့် ဖျက်သိမ်းသူကို ကုမ္ပဏီ၏ရှယ်ယာရှင်များ အထူးဆုံးဖြတ်ချက်ဖြင့်ခန့်အပ်သည်။ (ဆိုလိုသည်မှာ- အစုရှယ်ယာရှင်များအစည်းအဝေးတွင် ရှယ်ယာရှင်များအနည်းဆုံး ၇၅% က အတည်ပြုသော ဆုံးဖြတ်ချက်ဖြစ်သည်။) ဖျက်သိမ်းသူကို ခန့်အပ်ခြင်းကို မြန်မာအစိုးရပြန်တမ်းနှင့် အမျိုးသားသတင်းစာများတွင် ကြေငြာသည်။
ဖျက်သိမ်းသူကို ခန့်အပ်ရန်အကြောင်းကြားချက်များကို DICA သို့တင်သွင်းသည်။
ထို့နောက်ဖျက်သိမ်းသူသည် ကုမ္ပဏီတွင် အခွန်ပေးဆောင်ရန် ကြွေးကျန်မရှိကြောင်း အတည်ပြုသည့် မြန်မာပြည်တွင်းအခွန်များ ဦးစီးဌာန (IRD) မှ အခွန်ရှင်းလင်းရေး အသိပေးစာ / စာရရှိခြင်းတို့ အပါအဝင် ကုမ္ပဏီ၏ ကျန်ရှိသောပိုင်ဆိုင်မှုများနှင့် တာဝန်ဝတ္တရားများကို ကိုင်တွယ်ဖြေရှင်းပါသည်။
ဖျက်သိမ်းသူသည် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝအပြီးသတ်ပြီးသည်နှင့် သူသည် ဖျက်သိမ်းခြင်းလုပ်ဆောင်မှုများနှင့် ရလဒ်များအကြောင်း နောက်ဆုံးအစီရင်ခံစာကိုပြင်ဆင်သည်။
အစုရှယ်ယာရှင်များ၏ နောက်ဆုံးအထွေထွေအစည်းအဝေးကို ခေါ်ယူခြင်းပြီး နောက်ဆုံးအစည်းအဝေး ကျင်းပခြင်းကို မြန်မာအစိုးရပြန်တမ်းနှင့် အမျိုးသားသတင်းစာများတွင်ကြေငြာသည်။
ရှယ်ယာရှင်များသည် နောက်ဆုံးအထွေထွေအစည်းအဝေးတွင် ဖျက်သိမ်းသူ၏ နောက်ဆုံး အစီရင်ခံစာကို အတည်ပြုပေးသည်။
ဖျက်သိမ်းသူ၏နောက်ဆုံးအစီရင်ခံစာ၊ နောက်ဆုံးအထွေထွေအစည်းအဝေးကျင်းပပြီးဖြစ်ကြောင်းနှင့် DICA သို့ IRD အခွန်ရှင်းလင်းရေးအသိပေးစာ / စာ မိတ္တူတစ်စောင် တို့အား DICA သို့ တင်သွင်းသည်။
DICA သို့နောက်ဆုံးစာရွက်စာတမ်းများတင်ပြပြီး သုံးလအကြာတွင် ကုမ္ပဏီသည်တရားဝင် ဖျက်သိမ်းခံထားရသည်ဟု မှတ်ယူရမည်ဖြစ်ပြီး DICA သည် ကုမ္ပဏီအား၎င်း၏မှတ်ပုံတင်ဌာနမှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။ DICA သည်ဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းအားပယ်ဖျက်ခြင်းကို စာဖြင့်အတည်ပြုစာ ထုတ်ပြန်မည်ဖြစ်သည်။
ဖျက်သိမ်းသူသည် DICAမှ ဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းအားပယ်ဖျက်ခြင်းကို စာဖြင့်အတည်ပြုစာ ကို ကုမ္ပဏီ၏ဘဏ်သို့ပေးပြီး ၎င်းဘဏ်ကို ကုမ္ပဏီဖျက်သိမ်းလိုက်ခြင်းပေါ်တွင် အခြေခံပြီး ရှယ်ယာရှင်များကို ကျန်ရှိသောရန်ပုံငွေများအား လွှဲပြောင်းပေးရန်နှင့် ကုမ္ပဏီ၏ ဘဏ်အကောင့်များကို ပိတ်ပေးရန် တောင်းဆိုသည်။
ဖျက်သိမ်းသူ၏အခန်းကဏ္ဍနှင့် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အချို့သောအချက်များ
ဖျက်သိမ်းသူကို ခန့်အပ်လိုက်သည်နှင့် ဒါရိုက်တာများသည် ကုမ္ပဏီ၏ကိစ္စရပ်များကို စီမံခန့်ခွဲရန် အခွင့်အာဏာ မရှိတော့ပါ။ ဤအခွင့်အာဏာကို ကုမ္ပဏီ၏ကျန်ရှိသောကိစ္စရပ်များအား အပြီးသတ်နိုင်ရန်အတွက် ဖျက်သိမ်းသူထံ လွှဲပြောင်းပေးမည်ဖြစ်သည်။
MCL အရဆန္ဒအလျောက်ဖျက်သိမ်းမှုအတွက် တရားဝင်လိုအပ်ချက်များ အနည်းငယ်ရှိသည်။ အခြေခံအားဖြင့် ဖျက်သိမ်းသူသည် ကုမ္ပဏီ၏ ကျန်ရှိသောပိုင်ဆိုင်မှုများနှင့် တာ၀န်များကို ဖယ်ရှားပြီးအပြီးသတ်ပြုလုပ်ရန် ကုမ္ပဏီနှင့်၎င်း၏ပိုင်ဆိုင်မှုများကို စနစ်တကျဖျက်သိမ်းရပါမည်။ ထို့နောက်မှ ဖျက်သိမ်းခြင်း၏ရလဒ်များကို အစုရှယ်ယာရှင်များအား သတင်းပို့ရမည်။ ဤလုပ်ငန်းစဉ်၏အဓိကအဆင့်များအနက်တစ်ခုမှာ ကုမ္ပဏီတွင် အခွန်ပေးဆောင်ရန် ကြွေးကျန်မရှိကြောင်း အတည်ပြုသည့် မြန်မာပြည်တွင်းအခွန်များ ဦးစီးဌာန (IRD) မှ အခွန်ရှင်းလင်းရေး အသိပေးစာ / စာ ရရှိခြင်းဖြစ်သည်။ ဖျက်သိမ်းသူသည် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် ကြွေးကျန်အခွန်ဆောင်ခြင်း စသော လုပ်ငန်းဆောင်တာများကို လွှဲပြောင်းယူလိမ့်မည်ဖြစ်သည်။ သို့သော် ကုမ္ပဏီ၏ အခွန်ကိစ္စရပ်များကို အဓိကအားဖြင့် အပြီးသတ်လုပ်ဆောင်သည့်တိုင် IRD အတွင်း၌ စွမ်းဆောင်မှု အားနည်းမှုများကြောင့် အခွန်ရှင်းလင်းရေးအသိပေးစာ / စာရရန် အနည်းဆုံး လပေါင်းများစွာကြာတတ်သည်။
အကယ်၍ ကုမ္ပဏီ၏အရေးကိစ္စများနှင့် ပိုင်ဆိုင်မှုများကို ကုမ္ပဏီ၏စီမံခန့်ခွဲမှုဖြင့် ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မတိုင်မီ အဓိကအားဖြင့်အပြီးသတ်လုပ်ဆောင် ဖယ်ရှားပစ်လျှင် (ဥပမာ-ဝန်ထမ်းများအားအလုပ်မှထုတ်ခြင်း၊ ပိုင်ဆိုင်မှုများအား ရောင်းချခြင်း၊ ရုံးခန်းအားပိတ်ခြင်း စသဖြင့်) ဖျက်သိမ်းသူ၏ လုပ်ဆောင်မှု အားလိုအပ်သည့် ပမာဏကို လျော့နည်းမည်ဖြစ်သည်။ ။ လုပ်ငန်းဆောင်ရွက်မှုမရှိသေးသော၊ ရေရှည်အကြွေးဆပ်နိုင်စွမ်း / အရည်အချင်းပြည့်ဝမှု နှင့်ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာရန် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများမရှိခြင်းနှင့် ကိုင်တွယ် ဖြေရှင်းရန် ပိုင်ဆိုင်မှု / တာ၀န်၀တ္တရားများမရှိသော ငြိမ်နေသော ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းခြင်းနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်သည်။
နိဂုံးချုပ်
ယေဘုယျအားဖြင့် ကုမ္ပဏီသည် ကြွေးရှင်များမှဖျက်သိမ်းခြင်း သို့မဟုတ် တရားရုံးမှအမိန့်ပေးခြင်းကြောင့် ဖျက်သိမ်းခြင်း စသော ကိစ္စရပ်များအတွက်ကုမ္ပဏီဖျက်သိမ်းခြင်းထက် ကုမ္ပဏီ၏အစုရှယ်ယာရှင်များအနေဖြင့် အသင်း၀င်များကို မိမိဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား အမြဲတမ်း ဦးစားပေးသင့်သည်။ အကြောင်းမှာ အသင်းဝင်များ၏ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဖြင့် ကုမ္ပဏီစီမံခန့်ခွဲမှုသည် တရားဝင် ဖျက်သိမ်းခြင်း လုပ်ငန်းဆောင်တာများ မစမှီ ကုမ္ပဏီ၏ကိစ္စရပ်များကို ပိတ်သိမ်းရှင်းလင်းခြင်း စသောလုပ်ငန်း ဆောင်ရွက်မှုများ ကို ပိုမိုလုပ်ဆောင်နိုင်ပါသည်။ ထို့နောက် ကုမ္ပဏီသည် ၎င်းကိုယ်ပိုင်ဖျက်သိမ်းသူကို ရွေးချယ်နိုင်ပြီး ယင်းရွေးချယ်မှုသည် အရည်အချင်းပြည့်ဝသူနှင့် အစုရှယ်ယာရှင်များ အဆင်ပြေမည့်သူကို ရွေးချယ်ကြောင်း သေချာစေသည်။
Comments