top of page
  • Mark Livingston

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အကူးအပြောင်းကာလ – အခွန်ပိုင်းဆိုင်ရာ နောက်ဆုံးအခြေအနေများ အပေါ် အချုပ်တင်ပြခြင်း

မြန်မာနိုင်ငံ၏ နောက်ထပ်ဘဏ္ဍာရေးအစီရင်ခံမှုကာလဖြစ်သော မတ်လ ၃၁ ရက် ၂၀၂၂ခုနစ် ကုန်ဆုံးဖြစ်ပါသည်။ ဤတစ်ကြိမ် ခြောက်လတာအကူးအပြောင်းကာလတိုသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အား ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ယခင်ကဲ့သို့ ပြန်လည်ရောက်ရှိသွား စေပါသည်။ ကုမ္ပဏီများသည် ၎င်းတို့၏ စာရင်းအင်းနှင့် အခွန်ရေးရာများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးကာလအတွက် အပြီးသတ်ပြင်ဆင်ဆောင်ရွက် ကြရမည်ဖြစ်၍ လွန်ခဲ့သည့် ခြောက်လတာဘဏ္ဍာရေးနှစ်အကူးအပြောင်းကာလအတွင် ပြည်တွင်းအခွန်များဦးစီးဌာန(IRD)၏ အခွန်မှတ်ပုံတင်ခြင်း၊ အစီရင်ခံခြင်း၊ တွက်ချက်ခြင်း နှင့် ငွေပေးချေမှုများပြုလုပ်ခြင်းတို့ အပေါ် ပြောင်းလဲမှုအချို့ကို အမြန်ပြန်ကြည့် ကြပါစို့။


အခွန်မှတ်ပုံတင်ခြင်းနှင့် တင်သွင်းခြင်း ဖောင်ပုံစံများ ပြောင်းလဲခြင်း။ ဖေဖော်ဝါရီလ ၁၇ ရက် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန မှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အမျိုးမျိုးတို့နှင့် သက်ဆိုင်သည့် ပုံစံအသစ် ၁၃ ခုအားထုတ်ပြန် ခဲ့ပါသည် ၎င်းတွင် အခွန်ထမ်းမှတ်ပုံတင်သည့် ဖောင်ပုံစံများ၊ မှတ်ပုံတင်ထားသော အခွန်ထမ်း၏ အသေးစိတ် အချက်အလက်များပြောင်းလဲခြင်းနှင့် အချို့သောအခွန်မှတ်ပုံတင်လက်မှတ်များအတွက် ဖောင်ပုံစံအသစ်များအပါအဝင် အားသတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ အမိန့်ကြော်ငြာစာအမှတ်၄၂/၂၀၂၂အရ ဖောင်ပုံစံ အသစ်များသည် ၂၀၁၉ခုနစ်အခွန်စီမံခန့်ခွဲရေးဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားပြီး ချက်ချင်းအသက်ဝင်ပါသည်။ ဖောင်ပုံစံအသစ်များသည် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်တို့၏ ဥပဒေနှင့်စည်းမျဉ်းများ အောက်တွင် သီးခြားသတ်မှတ်ထားသော ယခင်ဖောင်ပုံစံများအား အစားထိုးခြင်းဖြစ်ပါသည်။ အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၂၂ နှင့် ပုံစံအသစ်များ၏ မိတ္တူများကို ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုက် (www.ird.gov.mm) တွင် ရနိုင်သည်။


သုံးလတစ်ကြိမ်ပုဂ္ဂိုလ်စုဝင်ငွေခွန်အား ကြိုတင်ပေးဆောင်ခြင်း။ သုံးလတစ်ကြိမ်ပုဂ္ဂိုလ်စုဝင်ငွေခွန် ပေးချေမှုများနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာအမှတ် ၃၈၉/၂၀၂၁ ကို ပြည်တွင်းအခွန်များဦးစီးဌာနမှ နိုဝင်ဘာလ ၁၆ရက်နေ့ ၂၀၂၁ခုနှစ်တွင် ထုတ်ပြန်ခဲ့သော်လည်း အောက်တိုဘာလ ၁ ရက် ၂၀၂၁ခုနှစ်မှ စတင်သည့် ပြက္ခဒိန်သုံးလပတ်မှ စတင်အကျိုး သက်ရောက် မည်ဟုဖော်ပြထားပါသည်။ ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆က (ပြင်ဆင်ချက်အရ) ပြက္ခဒိန် သုံးလပတ်တစ်ခုစီ၏ ကုန်ဆုံးပြီးနောက်တွင် သုံးလပတ်ကြိုတင်ဝင်ငွေခွန်အား ပြက္ခဒိန်သုံးလပတ်တစ်ခုစီ ကုန်ဆုံးပြီးချိန်တွင် သုံးလတစ်ကြိမ်အရစ်ကျပေးဆောင်ရန်လိုအပ်ပါသည်။ ယခင်လက်တွေ့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနသည် သုံးလတစ်ကြိမ်ကြိုတင်ဝင်ငွေခွန်ကို တင်းကြပ်စွာပေးဆောင်စေခြင်းများ မပြုလုပ်ခဲ့ပါ။ အခွန်ထမ်း များသည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်မကုန်မီတွင် နှစ်စဉ်ကြိုတင်ဝင်ငွေခွန် ပေးဆောင်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် အမိန့်ကြော်ငြာစာအမှတ် ၃၈၉/၂၀၂၁ သည် ပုဂ္ဂိုလ်စုဝင်ငွေခွန်အား သုံးလပတ် အမှန်တကယ် ပေးဆောင်ရန်နှင့် သုံးလတစ်ကြိမ်စည်းကြပ်နိုင်စေရန် ရည်ရွယ်ပုံရပါသည်။ အကယ်၍ လပတ်ကုန်ဆုံးသည့်အချိန်တွင် အခွန်ထမ်းမှ ပေးသွင်းထားခဲ့သောဝင်ငွေခွန်ပေးချေမှုသည် ယင်း သုံးလပတ်နှင့်ဆက်စပ်၍ စည်းကြပ်ထိုက်သော ဝင်ငွေခွန်၏ အနည်းဆုံး ၈၀% ပမာဏမရှိပါက အခွန်ထမ်းသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ကြောင်း အမိန့်ကြော်ငြာစာက သတ်မှတ်ပြဠာန်းထားသည်။ သုံးလပတ်အတွက် စည်းကြပ်ခွန်ပေးဆောင်ရမည့် ၈၀% နှင့် ညီမျှသောပမာဏထက်နည်းပါးသွားမည်ဆိုပါက ဒဏ်ကြေးငွေသည် သုံးလပတ်အတွက် အမှန်တကယ် ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့် လျော့နည်းပေးဆောင်ခဲ့သည့် ၀င်ငွေခွန်ပမာဏ၏ ၁၀% နှင့် ညီမျှသော ပမာဏ ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် စီးကြပ်ထားသောနှစ်စဉ်ပုဂ္ဂိုလ်စုဝင်ငွေခွန်ပေးရန်အား လေးပုံပိုင်းခြားခြင်းဖြင့် သုံးလပတ်တစ်ခုစီ တွင်ပေးဆောင်ရမည့် ပေးသွင်းထိုက်သောဝင်ငွေခွန်အား ဆုံးဖြတ်မည်ဖြစ်သည်။ (လက်ရှိခြောက်လ တာအကူးအပြောင်းကာလတွင် ထိုကာလအတွက် စည်းကြပ်ထားသော ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် တာဝန်ယူမှု ရရှိစေရန် နှစ်ပိုင်းခွဲခြားခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။)

ဤချဉ်းကပ်မှု၏ ဖြစ်နိုင်ခြေပြဿနာမှာ နှစ်စဉ်စီးကြပ်မှုအား ယူဆောင်၍ ၎င်းအား တူညီသော သုံးလတစ်ကြိမ် ပေသွင်းရန်အဖြစ် နောက်ကြောင်းပြန်၍ ကျင့်သုံးခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုသည် ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် တွင် ၎င်း၏ ဝင်ငွေခွန်ပေးဆောင်မှုတွင် လျော့နည်းပေးဆောင်ခြင်းအတွက် ဒဏ်ငွေကို ရှောင်ရှားဖို့ရာ သေချာစေရန် အတွက် ၎င်း၏ နှစ်စဉ်ဝင်ငွေခွန်ပေးဆောင်ရန်၏ လေးပုံတစ်ပုံ၏ ၈၀% ပမာဏအား ပထမသုံးလပတ် အဆုံးတွင် သတ်မှတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ်တစ်လျှောက် “အတက်အကျမငြိမ်သော” သို့မဟုတ် မညီမျှသော ဝင်ငွေရှိသည့် ကုမ္ပဏီတစ်ခုအတွက် ဤသတ်မှတ်ချက်အား ခန့်မှန်း၍မရ မှန်ကန်တိကျစွာပြုလုပ်ရန်မဖြစ်နိုင်ခဲ့လျှင် အလွန်ခက်ခဲမည်ဟု ယူဆပါသည်။ ဥပမာအားဖြင့် ၎င်းတို့၏ ပထမသုံးလပတ်ထက် များစွာသာလွန်သော တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်စွမ်းဆောင်ရည်များရှိပြီး မမျှော်လင့်ဘဲ မြင့်မားလျင်မြန်စွာ တိုးတက်မှု ရှိသည့် ကုမ္ပဏီများနေဖြင့် ၎င်းတို့၏အောင်မြင်မှုအတွက် ထိရောက်စွာ ဒဏ်ပေးဆောင်ခံရနိုင်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် သုံးလတစ်ကြိမ်ပုဂ္ဂိုလ်စုဝင်ငွေခွန်ပေးဆောင်ခြင်းအတွက် ဤချဉ်းကပ်မှုအသစ်အား တင်းကျပ်စွာကျင့်သုံးဆောင်ရွက်ခြင်းရှိမရှိအား စောင့်ကြည့်ရဦးမည်ဖြစ်သည်။ မတ်လ ၃၁ရက် ၂၀၂၂ခုနှစ်တွင် ကုန်ဆုံးမည့်ကာလအတွက် လုပ်ဆောင်လာမည့် အခွန်စည်းကြပ်မှုများသည် ဤပြဿနာအား ပိုမိုရှင်းလင်း စေသင့်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၃၈၉/၂၀၂၁ သည် သုံးလပတ်ပေးဆောင်ရမည့် ကြိုတင်ဝင်ငွေခွန် တွက်ချက်နည်းနှင့် ဒဏ်ကြေးများကို မည်ကဲ့သို့တွက်ချက်၍ အသုံးချရမည့်နည်းလမ်းများအတွက် နောက်ထပ်ညွှန်ကြားချက်များနှင့် ဥပမာများကို ပေးထားပါသည်။ အမိန့်ကြော်ငြာစာအား ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင်ရနိုင်သည်။


ခြောက်လတာအကူးအပြောင်းဘဏ္ဍာရေးအစီရင်ခံကာလအတွက်အခွန်စည်းကြပ်ခြင်းလုပ်ငန်းစဉ်။ အခွန်နှုန်းထားများ နှင့်စီးကြပ်မှုအများစုသည် နှစ်စဉ်ပေါ်တွင်အခြေခံ၍ သက်ရောက်သည်ဟူသောအချက်သည် ခြောက်လအကူးအပြောင်း ဘဏ္ဍာရေးအစီရင်ခံမှုကာလကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အခွန်တွက်ချက်မှုများအား ညှိနှိုင်းပြောင်းလဲရန် လိုအပ်ပါသည်။ အောက်တိုဘာလ ၁ရက် ၂၀၂၁ခုနှစ်တွင်ထုတ်ပြန်ခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) ၏ အမိန့်ကြော်ငြာစာအမှတ် ၅၁၀/၂၀၂၁ တွင် ဧပြီလ ၁ ရက်နေ့ ၂၀၁၉ခုနှစ် မှ စက်တင်ဘာလ ၃၀ ရက်နေ့ ၂၀၁၉ခုနှစ် အထိ ဖြစ်ပွားခဲ့သည့် ယခင်အကူးအပြောင်း ခြောက်လတာကာလထုတ်ပြန်ချက်ကဲ့သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထူးကုန်စည်ခွန် စည်းကြပ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကိုယ်ပိုင်ဝင်ငွေခွန် စည်းကြပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များအား လမ်းညွှန်ပေးခဲ့ပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ပြည်တွင်းအခွန်များဦးစီးဌာန တို့သည် အမိန့်ကြော်ငြာစာအမှတ် ၅၁၀/၂၀၂၁ တွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်း များကို ထပ်မံရှင်းလင်းတင်ပြသည့် ပူးတွဲ သတင်းအချက်အလက်စာစောင်နှင့် အခွန်လက်ကမ်း စာစောင်များလည်း ထုတ်ဝေဖြန့်ချီခဲ့ပါသည်။

အကျဉ်းချုပ်အားဖြင့်

  • အထူးကုန်စည်ခွန် – အထူးကုန်စည်ခွန် အတွက် အခွန်ပေးဆောင်ရန်တာဝန် အတိုင်းအတာကန့်သတ်ချက် သည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းရောင်းရငွေ မြန်မာငွေကျပ် သိန်း၂၀၀ နှင့်အထက်ဖြစ်သည်။ ကုမ္ပဏီများ သည် အကူးအပြောင်းကာလအတွင်း အထူးကုန်စည်ခွန်ပေးဆောင်ရန်တာ၀န်ရှိ၊ မရှိ အကဲဖြတ်ရန် ၎င်းတို့၏ သက်ဆိုင်ရာ အရောင်းများအား နှစ်ဆပြုရပါမည်။

  • ကုန်သွယ်လုပ်ငန်းခွန် – ကုန်သွယ်လုပ်ငန်းခွန် အတွက် အခွန်ပေးဆောင်ရန်တာဝန် အတိုင်းအတာကန့်သတ် ချက်သည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းရောင်းရငွေမြန်မာငွေကျပ်သိန်း၅၀၀ နှင့်အထက် ဖြစ်သည်။ကုမ္ပဏီများသည် အကူးအပြောင်းကာလအတွင်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်တာ၀န်ရှိ၊ မရှိ အကဲဖြတ်ရန် ၎င်းတို့၏ သက်ဆိုင်ရာ အရောင်းများအား နှစ်ဆပြုရပါမည်။


  • တစ်ဦးချင်းပုဂ္ဂိုလ်ဝင်ငွေခွန် – ဘောနပ်စ်များနှင့် တစ်ကြိမ်သာပေးချေမှုများမပါဝင်ဘဲအကူးအပြောင်းကာလ အတွက် စုစုပေါင်းအခြေခံလစာ၀င်ငွေအား ထိုကာလအတွက် လစာ၀င်ငွေအား တစ်နှစ်တာအခြေခံလစာ ၀င်ငွေဟုယူဆရန် နှစ်နှင့်မြှောက်ရမည်ဖြစ်သည်။ထို့နောက် ဘောနပ်စ်များနှင့် တစ်ကြိမ်တည်းပေးချေမှုများ အားယူဆထားသောစုစုပေါင်းအခြေခံလစာတွင် ထည့်ပေါင်းရန် (ဤပမာဏကို မြှောက်ရန်မလိုအပ်ဘဲ) နှင့် သက်သာခွင့်နှင့် ထောက်ပံ့ကြေးများအား စုစုပေါင်းရလဒ်မှ နုတ်ယူပါသည်။ထို့နောက် အကူးအပြောင်းကာလ အတွက် ရရှိလာသောစည်းကြပ်ထိုက်သောဝင်ငွေအပေါ် တစ်ဦးချင်းပုဂ္ဂိုလ်ဝင်ငွေခွန်အား ၂၀၂၁ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် သတ်မှတ်ထားသော တစ်ဦးချင်းပုဂ္ဂိုလ်ဝင်ငွေခွန်နှုန်းထားများဖြင့် တွက်ချက်ရပါသည်။ ထိုသို့တွက်ချက်ထားသော တစ်ဦးချင်းပုဂ္ဂိုလ်၀င်ငွေခွန်ပမာဏအား ခြောက်လတာကိန်း ဂဏန်းပမာဏသို့ ပြန်လည်လျှော့ချရန် နှစ်ဖြင့်စားရပါသည်(၎င်းသည် အကူးအပြောင်းကာလအတွင်း လစဉ် အရစ်ကျ အညီအမျှ နုတ်ယူ၍ ပြန်လည်ပေးအပ်သင့်သည်)။

မြန်မာကျပ်ငွေ ၄,၈၀၀,၀၀၀ကျပ် တစ်ဦးချင်းပုဂ္ဂိုလ်ဝင်ငွေခွန် ကင်းလွတ်ခွင့်သတ်မှတ်ချက်သည် ဆက်လက် အကျုံးဝင်နေပြီး နှစ်စဉ်စုစုပေါင်းအခြေခံလစာဟုယူဆထားသော(နှစ်ဆတိုးပြီးနောက်) သက်သာခွင့်နှင့် ထောက်ပံ့ကြေးများကို နုတ်ယူပြီးနောက် ဘောနပ်စ်များနှင့် တစ်ကြိမ်တည်းပေးချေမှုများ အပါအဝင်ဖြင့် စည်းကြပ်သည်။

  • ပုဂ္ဂိုလ်စုဝင်ငွေခွန် – ဤအခွန်အားမကြာသေးမီက လျှော့ချသည့်နှုန်းထား ၂၂ % ဖြင့် အမှန်တကယ်အသုံး စရိတ် နှင့်တန်ဖိုးလျှော့ငွေအား နုတ်ယူပြီးနောက် စုစုပေါင်း အမှန်တကယ်၀င်ငွေအပေါ် တွက်ချက်သည် (ပုဂ္ဂိုလ်စု ၀င်ငွေခွန်အတွက် မည်သည့် အဆတိုးမြှောက်ခြင်းမျှ ပြုလုပ်ရန်မလိုအပ်ပါ)။ အမှန်တကယ် ခြောက်လတာ ကာလအပေါ် တွင်သာ အခြေခံ၍သာ တန်ဖိုးလျှော့ခြင်းအား ခွင့်ပြုပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၅၁၀/၂၀၂၁ နှင့် ဆက်စပ်ရှင်းလင်းချက် စာရွက်စာတမ်းများတွင် နေထိုင်သူမဟုတ်သော နိုင်ငံသားများနှင့် နေထိုင်သူ နိုင်ငံခြားသားများအား အခွန်ကောက်ခံခြင်းစသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ထုံးလုပ်နည်းများပါရှိသည်။ အမိန့်ကြော်ငြာစာအမှတ် နှင့် ရှင်းလင်းချက်စာရွက်စာတမ်းများအား ပြည်တွင်းအခွန် များဦးစီးဌာန ၏ဝက်ဘ်ဆိုဒ်တွင် ရယူနိုင်ပါသည်။


နှစ်စဉ်အခွန်ကြေညာလွှာတင်သွင်းရန် နောက်ဆုံးရက်။ အကူးအပြောင်းကာလအတွက် နှစ်စဉ်အခွန်ကြေညာလွှာများ တင်သွင်းခြင်းအား ကာလကုန်ဆုံးပြီးနောက် သုံးလအတွင်းပြုလုပ်ရမည် – ဆိုလိုသည်မှာ ဇွန်လ ၃၀ ရက်၂၀၂၂ခုနှစ်ထက် နောက်မကျစေဘဲပြုလုပ်ရမည် ဖြစ်ပါသည်။

Comments


bottom of page