top of page

Company Secretarial

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ client များ၏ company secretarial compliance လိုအပ်ချက်များ အားလုံး ကိုက်ညီမှုရှိစေရန် company secretarial service များကို အပြည့်အဝ ဝန်ဆောင်မှုပေးပါသည်။ ကျွန်ုပ်တို့သည် ကော်ပိုရိတ်လုပ်ဆောင်မှုများအတွက် မည်သည့်ကုမ္ပဏီတွင်းခွင့်ပြုမိန့်များ လိုအပ်သည်၊ မည်သည့်အကြောင်းကြားစာများ ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် တင်ပြလျှောက်ထားရမည် စသည်တို့နှင့် ဆက်စပ်နောက်ဆုံးပေးပို့ရမည့် ရက်စွဲများနှင့် စပ်လျဥ်း၍ အကြံပေးခြင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများ ပြင်ဆင်တင်ပြခြင်းများကို ကူညီဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှုအဖွဲ့ မထားရှိသော client များလည်း စိတ်ချမ်းသာစေရန် ကျွန်ုပ်တို့သည် နောက်ဆုံးရ သတင်းအချက်အလက်များ (update) နှင့် ဆက်သွယ်မှုများကို လျင်မြန်ထိရောက်စွာ ပေးပို့ခြင်းအပါအဝင် မြန်မာနိုင်ငံတွင် လိုအပ်သော ကော်ပိုရိတ်ဝန်ဆောင်မှုများကို ပရော်ဖက်ရှင်နယ် ပီသစွာဖြင့် အထောက်အပံ့ပြုပါသည်။

ကျွန်ုပ်တို့၏ ကော်ပိုရိတ်ဝန်ဆောင်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ကော်ပိုရိတ်အုပ်ချုပ်မှုနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို လိုက်နာခြင်းဆိုင်ရာ အကြံဉာဏ်များ

  • မဖြစ်မနေ ထားရှိရမည့် ကုမ္ပဏီမှတ်ပုံတင်များ ထိန်းသိမ်းထားရှိခြင်း

  • ကော်ပိုရိတ်လုပ်ဆောင်မှုများအတွက် သတ်မှတ်ထားသော ဖောင်ပုံစံများနှင့် အကြောင်းကြားစာများကို ပြင်ဆင်ပေးခြင်း၊ ၎င်းတို့ကို MyCO အီလက်ထရွန်းနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်မှတစ်ဆင့် အွန်လိုင်းမှ လျှောက်ထားခြင်း

  • အစုရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေးများအပါအဝင် ဒါရိုက်တာများနှင့် အစုရှယ်ယာရှင်များက ဆုံးဖြတ်ချက်ချမှတ်ခြင်းများကို မှတ်တမ်းတင်ထားသော စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်များ၊ နို့တစ်စာများ၊ အစည်းအဝေးမှတ်တမ်းများနှင့် အခြားသော စာရွက်စာတမ်းများ ပြင်ဆင်ခြင်း

  • အောက်ပါတို့ကို ပြောင်းလဲခြင်းအပါအဝင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ ပြင်ဆင်မှုကို စီမံခန့်ခွဲခြင်း –

    • အစုရှယ်ယာရှင်များ၊ ဒါရိုက်တာများ သို့မဟုတ် စာရင်းစစ်များ

    • ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းဆိုင်ရာ စာရွက်စာတမ်းများ

    • မတည်ငွေရင်းဖွဲ့စည်းပုံ (အစုရှယ်ယာများ လွှဲပြောင်းခြင်း၊ အစုရှယ်ယာအသစ်ထုတ်ဝေခြင်း၊ အစုရှယ်ယာပြန်လည်ဝယ်ယူခြင်း)

    • မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ

  • (စာတိုက်မှ စာပေးပို့ခြင်း အပါအဝင်) မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရုံးလိပ်စာ စီစဥ်ပေးခြင်း

  • ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းနှင့် ဘဏ်လက်မှတ်ရေးထိုးသူများ ပြောင်းလဲမှုကို စီမံခြင်း

သက်ဆိုင်မှုရှိပါက ကျွန်ုပ်တို့သည် ကုမ္ပဏီတစ်ခုမှ တစ်နှစ်ပတ်လည်လုံး လိုအပ်မည့် ကုမ္ပဏီ၏ အဓိက secretarial filings များကို ခြုံငုံပါဝင်သော company secretarial retainer service ကို နှစ်စဥ်ပုံသေနှုန်းထားဖြင့် ဆောင်ရွက်ပေးပါသည်။

ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ secretarial ဆိုင်ရာ အဓိကအချက်အလက်များနှင့် စာရွက်စာတမ်းများကို ကနဦးစစ်ဆေး၍ ဖော်ထုတ်မိသော လစ်ဟာမှုများနှင့် လိုအပ်သော ကုစားမှုများနှင့်စပ်လျဥ်း၍ အစီရင်ခံစာအကျဥ်းချုပ်ကို ပေးပို့ခြင်းအားဖြင့် company secretarial နှင့် စပ်လျဥ်းသည့် စစ်ဆေးကုစားခြင်း (health check) သုံးသပ်ချက်ကိုလည်း ဆောင်ရွက်ပေးပါသည်။

home_background.png

အသေးစိတ်သိရှိလိုပါက သို့မဟုတ် အခမဲ့ quote လိုအပ်ပါက

Calibre Corporate Services Ltd. (Registration No. 104279953)

အီးမေးလ်လိပ်စာ : contact@calibrecs.com | ဖုန်းနံပါတ်နှင့် Viber: +95 926 5067 667

bottom of page