ကုန်အမှတ်တံဆိပ်
ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်ဝန်ဆောင်မှုတွင် –
-
ကုန်အမှတ်တံဆိပ်အောက်တွင်ရှိသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ နယ်ပယ်ဖော်ပြချက်များကို နိုင်ငံတကာအမျိုးအစားခွဲခြားမှုစနစ်နှင့်အညီ အကြံပြုခြင်း
-
နိုင်ငံခြားသားလျှောက်ထားသူဖြစ်စေ၊ မြန်မာနိုင်ငံသားလျှောက်ထားသူဖြစ်စေ စာရွက်အခြေပြုမှတ်ပုံတင်စနစ် အရ ကုန်အမှတ်တံဆိပ်အသစ်အတွက် လိုအပ်သော စာရွက်စာတမ်းများအားလုံး ပြင်ဆင်ပေးခြင်းနှင့် စာရွက်စာတမ်းတင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း
-
စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းလျှောက်ထားရာတွင် တင်ပြလျှောက်ထားခြင်းနှင့် လုပ်ငန်းစဥ်ဆောင်ရွက်ခြင်း (processing)
-
ကုန်အမှတ်တံဆိပ်အသစ်မှတ်ပုံတင်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ပိုင်ဆိုင်မှုနှင့် အသုံးပြုမှုတို့ကို အများပြည်သူသိရှိစေရန် ကြေညာရာတွင် စီမံဆောင်ရွက်ပေးခြင်း
-
လက်ရှိပဏာမမိတ်ဆက်သည့်ကာလ (soft launch) အတွင်း လက်ရှိကုန်အမှတ်တံဆိပ်ကို အွန်လိုင်းကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းစနစ်သစ်ဖြင့် ဦးစားပေးပြန်လည်မှတ်ပုံတင်ခြင်းလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ အကြံပေးခြင်း
-
အွန်လိုင်းစနစ်မှတစ်ဆင့် ကုန်အမှတ်တံဆိပ်ဦးစားပေးပြန်လည်လျှောက်ထားခြင်းကို တင်ပြလျှောက်ထားခြင်းနှင့် လုပ်ငန်းစဥ်ဆောင်ရွက်ခြင်း (processing)
-
ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုအလားအလာရှိလာနိုင်ပါက ကုန်အမှတ်တံဆိပ်အတည်ပြုခြင်းနှင့် ပတ်သက်၍ ရွေးချယ်လုပ်ဆောင်ရမည်များကို အကြံပေးခြင်းနှင့်
-
မိမိ၏ ကုန်အမှတ်တံဆိပ်ကို ကုန်အမှတ်တံဆိပ်အဖြစ် ကာကွယ်မှုမြှင့်တင်ရန် ကုန်အမှတ်တံဆိပ်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ရှင်းလင်းစွာ အသုံးမပြုခြင်း၊ စွဲမြဲစွာ အသုံးမပြုခြင်းတို့ကြောင့် ကုန်အမှတ်တံဆိပ်ကာကွယ်မှုကို ထိခိုက်စေနိုင်မည့် အန္တရာယ်များကို လျှော့ချနိုင်ရန် အကြံပေးခြင်း