top of page

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရ ကုမ္ပဏီတွင် ပါဝင်သူများ၏ သဘောဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းမှု ဆောင်ရွက်ခြင်းဆိုင်ရာ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများ

Mark Livingston

၂၀၂၁  ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် DICA သည် ကုမ္ပဏီများ ဖျက်သိမ်းခြင်းများနှင့် လူမွဲခံယူခြင်းဆိုင်ရာဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏ ၂၀၂၀ ခုနှစ် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြေငြာချက်ကို ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် မမျှော်လင့်ဘဲ ထုတ်ပြန်ကြေငြာခဲ့သည်။ သို့သော်လည်း ဖျက်သိမ်းခြင်းအတွက် တင်ပြခြင်းဆိုင်ရာ လိုအပ်သတ်မှတ်ချက်များသည် ယခင် ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ  လိုအပ်သတ်မှတ်ချက်များမှ အထူးတလည် မွမ်းမံပြင်ဆင်ခြင်းမရှိသေးပေ။ ၎င်းသည် ဖျက်သိမ်းခြင်းများ စတင်ရန်အတွက် လုပ်ရိုးလုပ်စဉ်/လုပ်ထုံးများနှင့်အညီ ကိုင်တွယ်ရာတွင် ခက်ခဲရှုပ်ထွေးမှုအချို့ကို ဖြစ်စေပါသည်။ အောက်ဖော်ပြပါ ဆောင်းပါးတွင် အဖွဲ့ဝင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းခြင်းအတွက် လိုအပ်ချက်များကို ပြန်လည်သုံးသပ်ပြီး ခက်ခဲရှုပ်ထွေးမှုကို အဖြေရှာရန်အတွက် ရှေ့အလားအလာရှိသော၊လက်တွေ့ကျသော နည်းလမ်းကို ကျွန်ုပ်တို့အကြံပြုထားပါသည်။



bottom of page